လအပြည့် ကြတ်ခြင်းအား နို၀င်ဘာ ၈ရက် တွင် မြန်မာနိုင်ငံမှ မြင်တွေ့ရမည်

Author လင်းခိုင်
Categories
Published on Nov 07, 2022

လအပြည့် ကြတ်ခြင်းအား မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) က ယနေ့( နို၀င်ဘာ ၇ရက်) တွင် ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၈ ရက် တွင် လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်ကာ၊ ထိုဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဖြစ်သည်။

လအပြည့်ကြတ်ခြင်းဖြစ်စဉ်အား မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများ၏ နေ့လည် အချိန် ၂နာရီ ၀န်းကျင်မှ စတင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ညနေ ၅နာရီ ၂၈ မိနစ်မှ ညနေ ၆နာရီ ၁၁ မိနစ်အတွင်းမှသာ မြင်တွေ့ရမည်ဖြစ်ကာ မိနစ် ၄၀ ခန့် လအပြည့်ကြတ်ခြင်းကို ကြည့်ရှု့နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ လအပြည့်အကြတ်ခြင်းကို ကြည့်ရှု့လိုသူများအနေဖြင့် အရှေ့ဖက် ကောင်းကင် မိုးကုတ်စက်ဝိုင်းနားထိ မြင်ကွင်းရှင်းသည့် အမြင့်တစ်နေရာမှ ကြည့်ရှု့နိုင်ကြောင်း MASES ကဆိုသည်။

နို၀င်ဘာ ၈ ရက် နေ့လည် ၂နာရီ ၃၂ မိနစ်မှ စတင်ကာ လကြတ်မည်ဖြစ်ပြီး၊ ၃နာရီ ၃၉ မိနစ်တွင် လတစိတ်တပိ်ုင်းကြတ်မည်ဖြစ်ကာ၊ ၅နာရီ ၂၉ မိနစ်တွင် လ တခုလုံးအပြည့်ကြတ်ပြီး၊ ည ၈နာရီ ၂၆ မိနစ်တွင် လကြည်ခြင်းဖြစ်စဉ် ပြီးဆုံးမည်ဖြစ်သည်။

လကြတ်သည့်အချိန်တွင် လသည် အနီရောင်ပြောင်းလဲမှုသည် နေရောင်သည် ကမ္ဘာ့လေထုကို ဖြတ်သည့်အချိန် နေရောင်ထဲ၌ ပါရှိသည့် အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသည့် လေထုသည် အလင်းယိုင်သွားပြီး ကျန်ရှိနေသည့် အနီရောင်သည်သာ လပေါ်သို့ ကျရောက်သည့်အတွက် လသည် အနီရောင်ပြောင်းသွားခြင်းဖြစ်ပြီး၊ လကြည်သည့်အခါ ကမ္ဘာမှ အနီရောင်အဖြစ် လကို မြင်တွေ့ရခြင်းဖြစ်သည်ဟု MASES ကရှင်းလင်းပြောကြားသည်။

ကမ္ဘာသည် နေနှင့် လကြား ကျရောက်ပြီး၊ လသည် ကမ္ဘာ၏ အရိပ်ထဲသို့၀င်ရောက်သွားသည့်အတွက် လကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်ခြင်းဖြစ်ကာ၊ ယခုကဲ့သို့ ဖြစ်ပေါ်ရန် ကမ္ဘာ၊ နေ နှင့်လသည် တစ်တန်းတည်းဖြစ်ရန်လိုအပ်သောကြောင့် လပြည့်ညများတွင်သာ လကြည်ခြင်းဖြစ်ပေါ်ကြောင်းလည်း သိရသည်။

လပြည့်ချိန်သည် နောက်တစ်ခါ လပြည့်မည့် အချိန်နှစ်ခုကြား ကြာချိန်သည် ပျမ်းမျှ ၂၉ဒသမ၅၃ ရက်ရှိကြောင်း၊ ထို့ကြောင့် လဆန်းတစ်ရက်နေ့ တွင် လတစ်ခုကိုစသည့် လကိုအခြေခံသည့် မြန်မာပြက္ခဒိန်များတွင် လပြည့်နေ့သည် ၁၄ ရက်နေ့ ဒါမှမဟုတ် ၁၅ ရက်နေ့တွင် ကျရောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြက္ခဒိန်များတွင် ရက်များသည် အပြည့်ကိန်းအနေဖြင့် ပါ၀င်ပြီး တစ်လသည် ၂၉ ရက်မှ ရက် ၃၀ ပါ၀င်နေသည့်အတွက်ဖြစ်ကြောင်း MASES ကဆိုသည်။

ဓာတ်ပုံ- Google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #လကြတ်ခြင်း #တန်ဆောင်မုန်း