လင်းဇင်းတိုက်နယ်ရဲစခန်း ဖောက်ခွဲခံရ

Author ခေတ်နီ
Categories
Published on Oct 30, 2022

မကွေးတိုင်း၊ စလင်းမြို့နယ် လင်းဇင်းတိုက်နယ် ရဲစခန်းဝင်းအတွင်းသို့ ဝင်ရောက်ကာ ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်းအတွင်း မှာရှိသည့် စခန်းမှူးအိပ်ဆောင်အတွင်းကို ယနေ့မနက်အစောပိုင်း ၂ နာရီခန့်မှာ ဝင်ရောက်ပြီး ဗုံးထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ရဲစခန်းဝင်းအတွင်း ထိခိုက်သေဆုံးမှု အခြေအနေများကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။