လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲလို့ ဒီပဲယင်းမှာ ၅ နှစ်အရွယ် ကလေး တစ်ဦးအပါဝင် ၂၀ ကျော်သေဆုံး
မနေ့ည ၈ နာရီလောက်မှာ ဒီပဲယင်းအရှေ့ခြမ်း၊ မာရကန်ကျေးရွာကို စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာပါ။ ဗုံးကျတဲ့နေရာက လူစည်ကားရာ လက်ဖက်ရည်ဆိုင်အနီး ဖြစ်နေတာကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့တာပါ။ S & C မီးဘေးစစ်ဘေးကူညီရေးအဖွဲ့ရဲ့ ဒီမနက် (ဒီဇင်ဘာ ၆) စာရင်းတွေအရ သေဆုံးသူ ၂၂ ဦး ရှိလာပြီး၊ ဒဏ်ရာရသူ ၃၀ လောက် ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။
