လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းကို စစ်တပ်ပိုင်ပြုလုပ်ပြီး၊ တရုတ်သို့ ရောင်းချရာတွင် ခရိုနီဦးတေဇမှ ပွဲခ အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိခဲ့

Author လင်းခိုင်
Categories
Published on Nov 24, 2022

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်တပ်ပိုင်ပြုလုပ်ပြီး၊ တရုတ်သို့ရောင်းချရာတွင် ခရိုနီဦးတေဇမှ ပွဲခအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေ၀န်ကြီးဌာန၏ စစ်အုပ်ချုပ်ရေးကာလအတွင်း မြန်မာ့သဘာ၀သယံဇာတများ ပျက်စီးဆုံးရှုံးမှုအား ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ခဲ့သည့် ကနေဒါနိုင်ငံမှ အိုင်ဗင်ဟိုကုမ္ပဏီသည် အမှတ် ၁ သတ္ထုတွင်း လုပ်ငန်းတို့မှ ၅၀ ရာခိုင်နှုန်းဖြင့် စပ်တူ ဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံမှ စီးပွားရေးပိတ့်ဆိုမှုမပြုလုပ်မီအထိ စစ်အစိုးရ၏ တရား၀င်အများဆုံးရရှိသည့် ၀င်ငွေလမ်းကြောင်း ဖြစ်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံမှ စစ်အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့တားမြစ်သောကြောင့် ကနေဒါအခြေစိုက် ကုမ္ပဏီသည် ၂၀၀၇ ခုနှစ်အစောပိုင်းတွင် မြန်မာပြည်မှ လုံး၀ထွက်ခွာခဲ့ကြောင်း ကြေညာခဲ့ပြီး လုပ်ငန်းများကို အမည်မဖော်လိုသည့် တတိယအုပ်စုသို့ လွှဲပြောင်းပြီး ငွေစာရင်းရှင်းတမ်းများနှင့် ပိုင်ဆိုင်မှုများအား လျှို့ဝှက်ထားခဲ့ပြီး တရုတ်ကုမ္ပဏီ သုံးခုနှင့် စျေးဆိုင်ရာ စစ်အစိုးရမှ အမှတ် ၁ သတ္ထုတွင်း လုပ်ငန်းကို လွှဲပြောင်းရောင်းချရန် ဖိအားပေးတောင်းဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့နောက် သတ္ထုတွင်း ၀န်ကြီးဌာနမှ စျေးနိမ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀ဝဖြင့် အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုပြီး အိုင်ဗင်ဟိုရှယ်ယာအားလုံးကို ရယူကာ တရုတ်အားရောင်းချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ခရိုနီတစ်ဦးဖြစ်သည့် ဦးတေဇမှ တရုတ်လုပ်ငန်းရှင်များနှင့် ပွဲစားအဖြစ်ဆောင်ရွက်ကာ တရုတ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ပေးရန် သဘောတူညီမှုရရှိခဲ့ပြီး ပွဲခအနေဖြင့် ဒေါ်လာသန်း ၅၀ ရရှိခဲ့ကြောင်း အစီရင်ခံဏာအရသိရသည်။

ဦးတေဇမှ ပွဲစားအဖြစ်ဆောင်ရွက်ပေးပြီးနောက် အမှတ် ၁ သတ္ထုတွင်းလုပ်ငန်းပိုင် အစုရှယ်ယာအား စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီမှ ဒေါ်လာ သန်း ၁၀၀ ဖြင့် ၀မ်ပေါ်ကုမ္ပဏီထံမှ ငွေချေးယူကာ နိုင်ငံပိုင်အစုရှယ်ယာကို စစ်တပ်ပိုင်အဖြစ်လွှဲပြောင်းရယူခဲ့ကြောင်း၊ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ်ခွဲဝေမှုအနေဖြင့် စာချုပ်ချုပ်ကာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်းခွဲဝေခဲ့သည်ဟု အစီရင်ခံစာတွင်ဆိုထားသည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လက်ပံတောင်းတောင် #ဦးတေဇ #NUG