လက်နက်ကြီးထုတ်လုပ် စမ်းသပ်စဉ် ရဲဘော်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Mar 01, 2024

လက်လုပ် လက်နက်ကြီး ထုတ်လုပ်ရန် စမ်းသပ်စဉ် ရဲဘော်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးကုသနေရကြောင်း အကူညီများ လိုအပ်နေကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းတွင် အသုံးပြုနိုင်ရန် လက်လုပ် ၈၀ မမ လက်နက်ကြီးများ စမ်းသပ်ထုတ်လုပ်စဉ် ဖေဖေါ်ဝါရီ ၂၇ရက်နေ့ ညနေ ၆နာရီခွဲခန့်တွင် မတော်တဆဖြစ်ကာ ရဲဘော်တစ်ဦး လက်မောင်းရိုးနှင့် ညှပ်ရိုးကျိုးသည့် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

 

“ဆေးကုသမှု ခံယူနေပါတယ် ဆေးဝါလိုအပ်ချက်တွေကတော့ ရှိတယ်ဗျ ၊  တပ်တွင်းဆေးခန်းမှာ ဆေးဝါးလိုအပ်ချက်တွေ ရှိတာကြောင့်ရော ဆရာဝန်လိုအပ်ချက်တွေ ရှိတာကြောင့်ပါဗျ” ဟု မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း တာ၀န်ရှိသူတစ်ဦး ကပြောသည်။

 

လက်ရှိတွင် ဆေးကုသနေဆဲဖြစ်​ကာ အသက်အန္တရာယ် မစိုးရိမ်ရတော့သော်လည်း ဆေးဝါးများ လိုအပ်လျက်ရှိနေသည်။

 

တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် လက်နက်အင်အား လိုအပ်ချက်ကြောင့် လက်လုပ်လက်နက်များဖြင့် ဖြည့်ဆည်းနိုင်ရန် ပြင်ဆင်နေစဉ် ယခုကဲ့သို့ မတော်တဆဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

 

ဓာတ်ပုံ – မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း