ရှားတောမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို KNDF ပူးပေါင်းအဖွဲ့တိုက်ခိုက်

Author ခေတ်နီ
Categories
Published on Oct 31, 2022

ကရင်နီပြည်၊ ရှားတောမြို့နယ် အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းတစ်ခုကို ကရင်နီတပ်မတော်KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့KNDF တပ်ရင်း ၁၄ တို့ပူး​ပေါင်း တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက် တွင် ထုတ်ပြန်ထားသည်။

ရှားတောမြို့နယ်၊ ပွန်ချောင်းကျေးရွာ အနီးရှိ စစ် ကောင်စီ၏ ခြေကုပ်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ KNDF တပ်ရင်း ၁၄ နှင့် KA တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထိတွေ့မှုအတွင်း အပြန်အလှန် ပစ်ခတ်မှုမိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ် ၏ခြေကုပ်စခန်းပစ်မှတ်အချို့ကိုပူးပေါင်းအဖွဲ့များမှ ပစ်ခတ် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရှိသေးကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။

ထိတွေ့တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်မှပစ်ခတ် သော လက်နက်ကြီး ထိမှန်ပြီးပွန်ချောင်းကျေးရွာရှိ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းလဲသိရသည်။

Related News

Depend on news