ရှင်းလင်းခံလိုက်ရသည့် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးထံမှ စိတ်ကြွဆေးနှင့် ကွန်ဒုံးများပါ တွေ့

Author မောင်ဒဂုံ
Categories
Published on Sep 13, 2022

 

ယမန်နေ့က တနင်္သာရီတိုင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့သည့် စစ်ကောင်စီ အုပ်ချုပ်ရေးမှူး၏ ပစ္စည်းများထဲတွင် WY စိတ်ကြွဆေးများနှင့် ကွန်ဒုံးများလည်း ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ရက် ညနေ ၄နာရီခန့်တွင် ပု​လောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဦးမောင်ယုကို ပုလောဒေသကာကွယ်ရေးဟမဟာမိတ်တပ်ပေါင်းစုက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သင်္ကန်းမောနှင့် ရွှေလုံမော်ကြား၌ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးမှူး၏ ပစ္စည်းများကို သိမ်းဆည်းရာတွင် ဒေသကာကွယ်ရေးတပ်များက WY ဆေးပြား ၈လုံး၊ ခဲပြား တစ်ပြား၊ ကွန်ဒုံး ၂ခု၊ ဆေးထိုးအပ်နှင့် ဆေးဝါးများကို တွေ့ရှိခဲ့သည်။

ထို့ပြင် မှတ်ပုံတင် ၈ခု၊ လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ Wave i 125 ဆိုက်ကယ် အဖြူ တစ်စီး၊ ငွေသားကျပ်ကိုးသိန်းနှင့် လက်စွပ်သုံးကွင်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဦးမောင်ယုသည် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ လုပ်ခဲ့ဖူးသည့် စစ်မှုထမ်းဟောင်းတစ်ဦးဟု သိရပြီး ဘိသိပ်ဆရာ၊ အပ်ပုန်းဆရာအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။

၄င်းသည် တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ လမ်းကြောင်းများကို လမ်းပြပေးခြင်း၊ CDM များကို ဖိအားပေးခြင်း၊ လက်နက်ကိုင်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းတို့ကြောင့် ရှင်းလင်းရခြင်းဟု ပုလောမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။