ရွှေသောင်ယံမြို့ နွယ်ညိုချောင်းကျေးရွာ အနီးတွင် ရိုဟင်ဂျာ ၃၁ ဦး ဖမ်းဆီးခံရ

Author အောင်နိုင်သူ
Categories
Published on Sep 19, 2022

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာအနီးတွင် ယမန်နေ့ ညပိုင်းက ရိုဟင်ဂျာ ၃၁ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
“သူတို့ကို လဝက နဲ့ ရဲတွေ စစ်နေတယ် အခုရဲစခန်းမှာ ချုပ်ထားတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ရိုဟင်ဂျာများမှာ မည်သည့်ဒေသက ထွက်ခွာလာသည်ကို မသိရှိသေးဘဲ လက်ရှိတွင် ရွှေသောင်ယံ မြို့မရဲစခန်းတွင် ထားရှိကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများထဲတွင် အမျိုးသား ၁၉ ဦးအမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၁ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည်လအတွင်းကလည်း ဘိုကလေးမြို့နယ်နှင့်ဝါးခယ်မမြို့နယ်တွင် ရိုဟင်ဂျာ ၁၁၄ ဦးဖမ်းဆီးခံခဲ့ရပြီး လဝကဥပဒေ
ပုဒ်မ ၆၃ ဖြင့် ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။