ရွှေလှံကျေးရွာ စီးနင်းခံရမှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးကျဆုံး

Author ခေတ်နီ
Categories
Published on Oct 21, 2022

ယင်းမာပင်မြို့နယ် ရွှေလှံကျေးရွာအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုအတွင်း ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင် ၁၀ဦးကို စစ်ကောင်စီတပ်မှ သတ်ဖြတ် ခဲ့ပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ် ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ရက်နေ့မှာ ရင်ပေါင်တိုင်ရွာကို လေကြောင်းဖြင့်ပစ်ခတ်ပြီး ရဟတ်ယာဥ်ဖြင့် လူချကာ စစ်အင်အားဖြည့်တင်းပြီး ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့မှာ ရွှေလှံရွာအား ရောက်ရှိကာ ရွာကိုစီးနင်းထားပြီး ရွာသားများကို ဘုန်းကြီးကျောင်း(အနောက်ကျောင်း)အတွင်း ဖမ်းဆီးထားခဲ့တာပဲ ဖြစ်သည်။

အဆိုပါ စီးနင်းမှုအတွင်း ရွာသားတချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးကိုစစ်ကောင်စီတပ်မှ သတ် ဖြတ်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် နေအိမ်၈လုံးကိုလဲ မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာကိုလဲ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ပြီး ကိုယ်ဝန် သည်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလဲ သတ်ဖြတ် ခဲ့သည်။
#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ရွှေလှံကျေးရွာ #PDF #၁၀ဦးကျဆုံး