ရွှေဘုံသာရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး

Author ခူးဆယ်
Categories
Published on Dec 07, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား၆ ဦး သေဆုံးခဲ့ကြောင်း မြောင်ပြည်သူ့ တပ်မတော် မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုတိုက်ဂါးက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ကျောက်ရစ်စခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ် ၏ စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၆ရက်နေ့မှာ ရွှေဘုံသာရွာကို ဝင်ရောက် စီးနင်းခဲ့ပြီးအရပ်သား နေအိမ် ၉ လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့တာပဲ ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မီးငြိမ်းသတ်ပေးခဲ့ရပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ကျွဲနွား တိရိစ္ဆာန်တချို့လဲ သေကျေပျက်စီးခဲ့သည်။

မီးရှို့ပြီးနောက် ရွာမှထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကိုဒေသ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အတူ 11 BRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ကိုတိုက်ဂါးထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ဆက်သွယ်၍ မရသေးပါဘူး။
ဓာတ်ပုံ- ကိုတိုက်ဂါး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ရွှေဘုံသာရွာ