ရွှေဘိုမြို့နယ်ရှိ ပျူရွာအား PDF များက တိုက်ခိုက်သိမ်းပိုက်

Author မင်းထက်
Categories
Published on Dec 24, 2023

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရှိ စစ်ကာင်စီလက်အောက်ခံ ပျူစောထီးများ နေထိုင်ရာ မြင်းချင်းရွာ အား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း  ရွှေဘိုမြို့နယ် ဒေသခံပြည်သူများက CJ Platform သို့ပြောသည်။

 

“ခုတော့ ရွှေဘိုဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်၊ ဘယ်အဖွဲ့က လာသိမ်းတယ်တော့ မသိဘူး ။ ပျူယောကျာ်းမိန်းမ ၄၀ မိတယ်ကြားတယ်၊ သူများရွာတွေကို မီးလှည့်ရှို့နေတာ၊ သူတို့ သူများခံစားရတဲ့ ဒုက္ခတွေကြုံရတာပေါ့” ဟု  ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ဒေသခံတစ်ဦးကဆိုသည်။

 

ရွှေဘိုမြို့နယ် ၊ မြင်းချင်းပျူရွာအား ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်က  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဆိုသည်။

 

“သိမ်းတာက အားလုံးအဆင်ပြေတယ်၊ အကုန်လုံးလဲရတယ် ၊  81 တွေ 190 တွေနဲ့ပစ်တာ ဒီဘက်ရွာတွေဘက် ကျတယ်၊ ကျွန်တော်တို့က သွားရောက်တိုက်ခိုက်ရေးထဲမပါဘူး၊ လောလောဆယ် အသေးစိတ်က သက်ဆိုင်ရာအဖွဲ့က ထုတ်ပါလိမ့်မယ်” ဟု ၄င်းကဆိုသည်။

 

ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ၄င်းပျူရွာအား တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်သား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ယခု ညနေပိုင်းတိုင်းမူ ပြည်သူအချို့ ပြန်လည်၀င်ရောက် နေထိုင်နေပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ် ရပ်ကျေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက CJ Platform သို့ပြောသည်။