ရွှေပြည်သာမှာ လူငယ်တစ်ဦး ကြိုးဆွဲချ သတ်သေ

Author အောင်နိူင်သူ
Categories
Published on Aug 30, 2022

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦး ယမန်နေ့ညက ကြိုးဆွဲချသတ်သေသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ရွှေပြည်သာမြို့နယ် အမှတ်၆ရပ်ကွက် တောင်ကြီးပန်းခြံ ဧရာဝတီပတ်လမ်းရှိ နေအိမ်တွင် အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ဦး ယမန်နေ့ည ကိုးနာရီကျော် မိမိကိုယ်ကိုကြိုးဆွဲချသေသွားတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ဘာကြောင့်ကြိုးဆွဲချတာလဲ မသိဘူး၊ လူငယ်ဆိုတော့ ဖိစီးမှုတွေ အများကြီး ရှိနေမှာပေါ့၊ အခုထိအကြောင်းအရင်းလဲမသိရဘူး”လို ပြောသည်။

မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီရင်သူမှာ အသက် ၂၂ နှစ်အရွယ်ရှိ ကိုခိုင်ရွှေသိန်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကို နေအိမ်မှအင်းစိန်ဆေးရုံသို့  WLC-DB ယာဉ်ဖြင့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းက ပို့ဆောင်ပေးခဲ့သည်ဟု  သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ကိုင်အခွင့်အလမ်း ရှားပါးလာပြီး စီးပွားရေးကျပ်တည်းမှုများ အနာဂတ်မျှော်လင့်ချက်ပျောက်ဆုံးမှုများကြောင့် နိူင်ငံအတွင်း ဂုံးတံတားပေါ်က ခုန်ချသူတွေမြစ်ကူးတံတားပေါ်က ခုန်ချပြီး မိမိကိုယ်ကိုအဆုံးစီရင်သူ များပြားလာနေသည်။

 

Related News

Depend on news