ရွှေပန်းကုန်းကျေရွာရှိ ရဲစခန်းကို PDF ပူးပေါင်းတပ် ဖွဲ့ တိုက်ခိုက် စစ်ကောင်စီမှ နှစ်ဦးသေဆုံးပြီး PDFရဲဘော်တစ်ဦးကျဆုံး

Author လင်းခိုင်
Categories
Published on Oct 17, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာရှိ ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း 96 Soldiers-PDF အညာဒေသ တပ်ခွဲက ထုတ်ပြန်ထားသည်။

ယနေ့ မနက် ၅နာရီ မိနစ် ၄၀ တွင် ပူးပေါင်းတပ်ဖွဲ့သည် ရွှေပန်းကုန်းရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရန် ၁နာရီခန့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်ပစ်ကူများဖြင့် ရွှေပန်းကုံးကျေးရွာ တစ်ဝိုက်ပျံသန်းပြီး မြေပြင်သို့ တရစပ်ပစ်ခတ်ခဲ့သည့်အတွက် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီနေ့ စခန်းသိမ်းတိုက်ပွဲဖော်ဖို့လုပ်တာ၊ လေယာဉ်ပစ်ကူလာလို့ ဆုတ်လိုက်ရတယ်။ ကျွန်တော်တို့ ရဲဘော်တစ်ကျဆုံးပြီးတော့ တစ်ဦးဒဏ်ရာရတယ်။ ရဲစခန်းကို လက်နက်ငယ်နဲ့ RPGတွေနဲ့ တိုက်လို့ သူတို့အထိအတော်နာသွားတာ၊ အဲ့ဒါကြောင့် MI -35 နှစ်စင်းနဲ့ မိနစ်လေးဆယ်လောက် ၁၀ ပတ်ပတ်ပြီး တောက်လျှောက်ပစ်တာမို့လို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု96 Soldiers-PDF မှ ရဲဘော်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ရွှေပန်းကုန်းကျေးရွာ ရဲစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ပစ်ကူရောက်ရှိလာသည့်အတွက် စခန်းအား သိမ်းနိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်အထိန်ဒဏ်ရာရရှိခဲ့ကာ၊ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း 96 Soldiers-PDF မှ ရဲဘော်တစ်ဦးကျဆုံး ပြီး တစ်ဦးမပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ယခုစစ်ဆင်ရေးအား 96 Soldiers-PDF အညာဒေသ တပ်ခွဲ၊ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့၊ တောသားကြီးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။