ရွှေစျေးနှုန်းသတ်မှတ်ချက်နှင့် ရွှေဒင်္ဂါးရောင်းချမှုတွင် စစ်ကောင်စီက နိုင်ငံတော်အဆင့်လိမ်လည်

Author စကားဝါ
Categories
Published on Sep 05, 2022

ရွှေစျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးအတွက် စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးများ ရောင်းချပေးမည်ဟုဆိုကာ နေပြည်တော်တွင် စတင်ရောင်းချနေပြီး ရွှေစျေးနှုန်းသတ်မှတ်ချက်များတွင် စစ်ကောင်စီမှ နိုင်ငံတော်အဆင့် လိမ်လည်မှုပြုခဲ့သည်ဟု ရွှေလုပ်ငန်းရှင်များမှ မှတ်ချက်ပြုသည်။စစ်ကောင်စီမှ ရောင်းချပေးနေသည့် ရွှေဒင်္ဂါများကို တစ်ကျပ်သားလျှင် ၂၉သိန်း ၅သောင်းကျပ်ဖြင့် ရောင်းချပေးနေခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင် ယနေ့ ရွှေစျေးနှုန်းအဖြစ် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၀သိန်းနီးပါးသာ သတ်မှတ်ကြေညာထားသည်။

“ကန်တော့ ဖာကျတာ၊ သူတို့ကျတော့ ရွှေအသင်းကို စျေးမတက်အောင် သတ်မှတ်စျေးနဲ့ပဲ အတင်းထိန်းခိုင်းတယ်၊ သူတို့တကယ်တန်းထွက်ရောင်းတော့ သိန်း၃၀နီးပါး၊ ဘယ်လိုလုပ် ရွှေစျေးက ကျတော့မလဲ၊ တိုင်းပြည်အပေါ်ကို စေတနာမရှိတာ သိသာတယ်၊ နိုင်ငံအဆင့်လိမ်လည်တာ”ဟု ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယနေ့ စက်တင်ဘာလ ၅ရက်နေ့တွင် နေပြည်တော်၌ ရွှေဒင်္ဂါးများကို စတင်ရောင်းချနေပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Related News

Depend on news