ရွှေစျေးတည်ငြိမ်စေရန် YGEAမှ အစည်းအဝေးကျင်းပပြီးနောက် ပြင်ပရွှေစျေး သိန်း၃၀နီးပါးဖြစ်လာ

Author CJ Platform
Categories
Published on Aug 29, 2022

🖋စကားဝါ
ရွှေစျေးတည်ငြိမ်စေရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း YGEAမှ ဩဂုတ်လ ၂၉ရက်နေ့တွင် အစည်းအဝေးကျင်းပပြီးနောက် ပြင်ပရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၁၅၀၀ ကျပ် အထိ မြင့်တက်လာခဲ့သည်။
အစည်အဝေးတွင် ရွှေစျေးနှုန်းများအား စျေးကွက်ပေါက်စျေးဖြင့်သာ အရောင်းအဝယ်စာရင်းတင်ရန်၊ ဘဏ်စာရင်းများကိုသာ အသုံးပြုပြီး အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် YGEA၏ ရည်ညွှန်းစျေးနှုန်း အား နေ့စဉ်ထုတ်ပြန်ရန်များကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“ရည်ညွှန်းစျေးနှုန်းဆိုတာ စကစအလိုကျ သတ်မှတ် တဲ့စျေးနှုန်း၊ သူတို့ကိုယ်တိုင်လည်း အဲ့စျေးနဲ့ မလုပ် ဘူး၊ အဲ့ဒါကြောင့် စျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ်လုပ်ခိုင်းတာ”ဟု ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးမှ မှတ်ချက်ပြုသည်။
YGEA စျေးနှုန်းသတ်မှတ်ချက်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၀၂၇၀၀၀ ကျပ်ဖြင့်သာ စျေးဖွင့် ထားပြီး ပြင်ပစျေးကွက်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားနေသည်။
မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုကျော်ကြီးက သူ၏ Kyaw Gyi Mdy အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတွင် ရွှေစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်းနှင့် ပက်သက်ပြီး “မီးလေးခဏပိတ်ပေးပါ လက်အုပ်ချီလို့ အစည်းအဝေးလုပ်နေပြီ၊ သုံးဆယ်ရောက်ဖို့ ၂မှတ်တိုင်အလို” ဟု မှတ်ချက်ပြုကာ ယနေ့ ပြင်ပရွှေစျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၁၅၀၀ ကျပ်သို့ ရောက်လာပြီးဖြစ်ကြောင်း မျှဝေထားခဲ့သည်။