ရွှေကျင်တွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား (၂) ဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Oct 05, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ (၃)၊ ဆောထိ (ရွှေကျင်)မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးနှင့် ဆိတ် (၁) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်​သည်။

ပိန်းဇလုပ်အခြေစိုက်ခလရ−၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး(၇)လုံးကို အောက်တိုဘာလ (၄) ရက်နေ့ ည ၇ နာရီခွဲခန့်မှ ၁၀ နာရီခွဲအတွင်းပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး မသီတာဝင်း (၅၀) နှစ်နှင့် ဖွားခွန် (၇၀)နှစ်တို့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။