ရွေးကောက်ပွဲအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေကို မလေးရှား တိုက်တွန်း

Author CJ Platform
Categories
Published on Jul 09, 2025

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် အထောက်အကူပြုမယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီကနေ့ ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

အဲဒီပြောကြားချက်ကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပတဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ပြောခဲ့တာဖြစ်ပါတယ်။

 

သူ့ရဲ့ ပြောကြားချက်တွေက အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ် မထောက်ခံဘူး ဆိုတာကိုတော့ တိုက်ရိုက်ရှင်းလင်းမပြထားပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

မလေးရှားနိုင်ငံဟာ အရင်ကတည်းက ငြိမ်းချမ်းရေးကို ဦးစားပေးသင့်ကြောင်း ပြောကြားဖူးပြီး ရွေးကောက်ပွဲကျင်းပမှုကို ဦးစားမပေးသင့်ဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။

 

Source – Reuters

 

ဓာတ်ပုံ – Reuters

 

 

 

Related News

Depend on news