ရဲဘော်၁၀ဦးကျဆုံးခြင်း၂ နစ်ပြည့် အထိမ်းမှတ်အဖြစ် ယင်းမာပင်မြိုနယ်က ပျူရွာအား သွားရောက်တိုက်ခိုက်

Author မင်းထက်
Categories
Published on Dec 09, 2023

စစ်ကိုင်းတိုင်း ၊  ယင်းမာပင်မြိုနယ်ရှိ အထိုင်ချတပ်ဆွဲထားသော ပျူစောထီး နှင့် စစ်ကောင်စီစီတပ်သားများကို ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Black Vote Fighter အဖွဲ့  တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာ (၈) ရက် ညနေ (၃) နာရီအချိန်တွင် ယင်းမာပင်မြို့နယ်၊ ဘန်းဘွေ့ကျေးရွာတွင် အထိုင်ချ တပ်ဆွဲထားသော ပျူစောထီး နှင့် စစ်ကောင်စီတပ်သားများကို ၆၀မမ ၊ ၈၀မမ ၊ ၁၂၀မမ ရှော့ဒုန်းများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် ရဲဘော်(၁၀)ဦးကျဆုံးခြင်း နှစ်နစ်ပြည့် အထိမ်းမှတ် တိုက်ပွဲဆင်နွှဲခဲ့တာပါ။ လက်နက်ကြီးတွေနဲ့ ‌ေ-ွးဘက်က ကောင်တာတွေ ပြန်တယ်ဗျ။ ကျွန်တော်တို့ တိုက်တာကတော့ တစ်နာရီလောက်ကြာတယ်။ ထိခိုက်သေဆုံးမူကိုတော့ ဆက်လက်စုံစမ်းဆဲပါဗျ” ဟု Black Vote Fighter အဖွဲ့  တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

၄င်းတိုက်ခိုက်မှုကို Black Vote  Fighterအဖွဲ့ ၊ AKပြောက်ကျားတပ်ဖွဲ့  ၊ FBGA ၊ SBTF ၊ EAGLE Defense Force ၊  နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ ပြည်သူ့အားလုံးရဲ့PKအဖွဲ့ ၊  ဝင်္ကပါပြောက်ကျားတပ်ဖွဲ့  နှင့် လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၊ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခဲ့သော်လည်း ပူးပေါင်းညီနောင်မဟာမိတ်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် Black Vote Fighterအဖွဲ့မှ စစ်ရေးအရှိန်မြင်တင်နိုင်ရန် တာဝေးပစ် လက်နက်ကြီးများ ထုတ်လုပ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တက်နိုင်သည့်ဘက်မှ ကူညီပေးကြပါရန် တောင်းဆို ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – Black Vote Fighter