ရေးမှာ ပရဟိတ လူငယ်ကို ပစ်ခတ်ခဲ့သည့် နယ်ထိန်းရဲကို ရေးဘီးလူးအဖွဲ့ရှင်းလင်း

Author ခေတ်နီ
Categories
Published on Sep 22, 2022

မွန်ပြည်နယ် ရေးမြို့နယ်တွင် ပရဟိတလူငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ရေးဘီးလူးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရေးမြို့နယ်ထဲက မွန်လူမျိုး ပရဟိတလူငယ် ကိုမင်းလင်းအောင်သည် ပြီးခဲ့သည့် ဇူလိူင်လ၃၁ရက်နေ့တွင် လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာပဲဖြစ်သည်။

ထို့ကြောင့် အဆိုပါမွန်လူငယ်ကို ပစ်ခတ်ခဲ့သည့် လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းရဲ အောင်ကျော်မင်းကို ယမန်နေ့ စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် လမိုင်းမြို့ပေါ်ရှိဝပ်ရှော့တစ်ခုမှာ ရေးဘီးလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“နယ်ထိန်းအောင်ကျော်မင်းဟာ မွန်လူငယ်တစ်ဦးကို မတရားသတ်ဖြတ်ခဲ့တာအတွက် မခံမရပ်နိုင်ဖြစ်ခဲ့တာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်”ဟုရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ရုပ်သံဖိုင်မှာဆိုထားသည်။

ပြည်သူလူထုအပေါ်မှာ ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဟု အဆိုပါအဖွဲ့က ဆက်လက်ပြောကြားသည်။

Related News

Depend on news