ရေးဘီလူးအဖွဲ့ စခန်းတွင်း ဆေးခန်းဖွင့်လှစ် ဆေးဝါးလုံလောက်မှုမရှိသေး

Author လင်းခိုင်
Categories
Published on Jan 27, 2023

 

ရေးဘီလူးအဖွဲ့မှ စခန်းတွင်း ဆေးခန်းဖွင့်လှစ်ခဲ့ပြီး ဆေးဝါးလုံလောက်မှုမရှိသေးကြောင်း ယင်းအဖွဲ့ ခေါင်းဆောင်က CJ Platform သို့ပြောကြားသည်။

ဆေးခန်းကို ဇန်နဝါရီ ၂၆ ရက်က ရေးဘီလူးအဖွဲ စခန်းချရာတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ဆေးသင်တန်း တက်ရောက်ခဲ့သည့် ရဲမေများမှ သူနာပြုအဖြစ် ဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့မှ သူနာပြုတော့ လုံလုံလောက်လောက်မရှိဘူး။ စစ်သင်တန်းတက်ထားတဲ့ ရဲမေတွေက သူနာပြု သင်တန်းပြောင်းတက်တယ်။ အခြေခံတွေယူပြီးတော့ ဒီဆေးခန်းလေးကို ဖွင့်လှစ်ထားတာဖြစ်တယ်။ ဆေးဝါးတော့ လုံလုံလောက်လောက် မရှိဘူးခင်ဗျ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသည်များကို ကုသပေးနိုင်မည်ဖြစ်ပြီး၊ ပြင်ထန်းဒဏ်ရာများအတွက် ကုသပေးရန် အဆင်မပြေနိုင်သေးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ပြန်ချုပ်ရတဲ့ ဒဏ်ရာတွေ၊တိုက်ပွဲထဲမှာ တအားကြီးသွေးထွက်များတာတွေမျိုးတွေတော့ ကုသပေးနိုင်တယ်။ အရိုးကြိုးတာမျိုးတွေတော့ သိပ်အဆင်မပြေသေးဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ရေးဘီလူအဖွဲ့သည် ရေးမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် အခြေပြုထားကာ ရေးမြို့ပေါ်ထိ စစ်ဆင်ရေးများ၊ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် စစ်ကောင်စီထောက်တိုင်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။

ဓာတ်ပုံ-ရေးဘီလူး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရေးဘီလူး #တပ်တွင်းဆေးခန်း #ဆေးဝါးလိုအပ်