ရေတာရှည်မြို့ တိုက်ပွဲများအတွင်း စစ်တပ်စစ်‌ကြောင်းမှူးများ အပါအဝင် ၈၀ ဦးကျော်သေဆုံး၊ PDF ၂ ဦးကျဆုံး

Author မင်းထက်
Categories
Published on Nov 02, 2023

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦးအပါအဝင် ၈၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊  ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ထုတ်ပြန်ထားသည်။

 

ယင်းမြို့နယ်ထဲ၌ PDF ၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရန်သူ့စစ်တပ်များနှင့် အောက်တိုဘာ တစ်လအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၈၀ ဦးအထက်သေဆုံးပြီး ၃၄ ဦးအထက် ဒဏ်ရာရရှိခဲ့ကြောင်း MoD က ဆိုသည်။

 

အလားတူ ယင်းတိုက်ပွဲများအတွင်း ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၂ ဦးကျဆုံး၊  ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

 

စစ်ကောင်စီတပ်ထံမှ RPG နှင့် ၆၀ မမ ဗုံးသီးများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်မှ လေယာဉ်နှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကာ ပြည်သူ ၅၅၀ ကျော်စစ်ဘေးရှောင်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက နို၀င်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။