ရေစကြိမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံ ပြီး ခြောက်ဦးခန့် သေဆုံး

Author ခေတ်နီ
Categories
Published on Oct 18, 2022

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲ ၂ ကြိမ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ယနေ့တွင် သတင်းထုတ်ပြန်လာသည်။

သံပြာချောင်းရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ရေစကြိုမြို့နယ် တောင်ဦးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ)၊ Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂ မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့မနက်ပိုင်း၌ ၂ ကြိမ်တိုင်တိုင် ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို( ပ က ဖ)က ဆိုထားသည်။

ထို့အပြင် ထိုနေ့ နေ့လည် ၃ နာရီဝန်းကျင်ခန့်မှာလဲ တောင်ဦးရွာအားမီးရှို့နေသည့် စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ)၊Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ရင်း၂ ၊Urban Underground Revolution Force-YSO (UURF)၊နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြိုင်) အပါအဝင် ရေစကြိုနှင့် မြိုင်မှ လက်နက်ကြီးတပ်ဖွဲ့များမှ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း သိရသည်။