ရေကြီးမှုကြောင့် ချင်းရိုင်က ဆေးရုံတစ်ခု ကျန်းမာရေးဝန်ဆောင်မှုရပ်ဆိုင်း

Author CJ Platform
Categories
Published on Jul 23, 2025

ချင်းရိုင်က Thoeng ဆေးရုံဟာ အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက် လုပ်ငန်းလည်ပတ်မှုတွေကို ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

လက်ရှိမှာတော့ အရေးပေါ်နဲ့ မတော်တဆထိခိုက်မှု လူနာတွေကိုပဲ တခြားနေရာတစ်ခုမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

 

ဒီကနေ့ ဇူလိုင်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အရေးပေါ် ကြေညာချက်ထဲမှာ၊ တက်လာတဲ့ ရေတွေက ဆေးရုံဝင်းကို ဝိုင်းနေပြီး သွားလာလို့မရအောင် ဖြစ်နေတဲ့အတွက် ဆေးကုသရေးဝန်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်နေတယ်လို့ ဆေးရုံက ပြောကြားထားပါတယ်။

 

ထုတ်ပြန်ချက်အရတော့ မတော်တဆထိခိုက်မှုနဲ့ အရေးပေါ်လူနာတွေကို အခုအခါ ဝပ်ဖရာစီမဟာဖိုဘုရားကျောင်းက ယာယီဆေးကုသပေးတဲ့နေရာမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

 

သာမန်ပြင်ပလူနာတွေအနေနဲ့ နောက်ထပ် အသိပေးကြေညာချက် မထွက်ခင်အထိ သူတို့နဲ့ အနီးဆုံး မြို့နယ်ခွဲ ကျန်းမာရေးမြှင့်တင်ရေးဆေးရုံမှာ သွားရောက်ပြသကြဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။

 

ဖြစ်ပေါ်ခဲ့တဲ့ အဆင်မပြေမှုတွေအတွက် သောင်ဆေးရုံက တောင်းပန်ပြီး နားလည်ပေးတဲ့အတွက်လည်း ပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

အခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့အခါမှာ နောက်ဆုံးအခြေအနေတွေကို ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

Source – The Nation Thailand

 

ဓာတ်ပုံ – The Nation Thailand