ရာအိမ်မှူးကို လာရောက်ပစ်ခတ်သည့် အဖွဲ့နှင့် ရာအိမ်မှူးတပည့်ဖြစ်သူကို မှားဖမ်းမိတာကြောင့် သေနတ်သမားများ လွတ်မြောက်သွား

Author ကိုပေါက်
Categories
Published on Nov 21, 2022

ပုသိမ်ကြီးမြို့နယ်တွင် ရာအိမ်မှူးကို လာရောက်ပစ်ခတ်သည့် အဖွဲ့နှင့် ရာအိမ်မှူးတပည့်ဖြစ်သူကို မှားယွင်းဖမ်းမိတာကြောင့် သေနတ်သမားများ လွတ်မြောက်သွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာမှာ ရာအိမ်မှူး ဦးမြင့်ဆွေ ဦးဆောင်သည့် လုံခြုံရေးစီမံအဖွဲ့သည် ထွေအုပ်ရုံးအနီးတွင် လုံခြုံရေးယူနေစဉ် ယမန်နေ့ည ၆နာရီခန့်တွင် အမည်မသိ သေနတ်သမားနှစ်ဦးမှ ရာအိမ်မှူး ဦးမြင့်ဆွေကို လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့အဖွဲ့ရဲ့ လျှို့ဝှက်အမည်က “သူရ”အဖွဲ့၊ ငါးဦးတစ်ဖွဲ့ဖွဲ့ထားတာမှာ ဦးမြင့်ဆွေက ခေါင်းဆောင်၊ အပစ်ခံရတော့ ဦးမြင့်ဆွေ တပည့်တွေက အကုန်လုံး ထွက်ပြေးတာ၊ စကစက လိုက်ဖမ်းတော့ သေနတ်သမားနဲ့ ထွက် ပြေးတဲ့ ဦးမြင့်ဆွေတပည့်ကို မှားဖမ်းတာမှာ စစ်နေတုန်း သေနတ်သမားတွေ လွတ်သွားတယ်”ဟု ဒေသခံတစ်ဦးမှ CJ Platform ကိုပြောသည်။

ပစ်ခတ်ခံရသူ ဦးမြင့်ဆွေမှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး တပ်ကြပ်ကြီး အငြိမ်းစားတစ်ဦးဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပုသိမ်ကြီးမြို့နယ် #ရာအိမ်မှူး #ပစ်ခတ်မှု