ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် EXPRESS ယာဉ်(၂)စီး တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးဆုံးပါး

Author CJ - 001
Categories
Published on Oct 14, 2022

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၀/၀ နှင့် ၂၃၀/၁ အကြားတွင် ယနေ့ အောက်တိုဘာလ ၁၄ရက်နေ့ မနက် ၃နာရီ၃၀မိနစ်ခန့်က EXPRESS ယာဉ်(၂)စီး တိုက်မှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦး အသက်ဆုံးပါးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို ပန်းတင်အမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ကျား (၁၇)ဦး၊ မ(၄)ဦးအနက် ၅ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကျား(၂)ဦးမှာ အသက်ဆုံးပါးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။