ရန်ကုန်မြို့လယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး၊ ကလေးနှစ်ဦး ဒဏ်ရာရ

Author ကိုထက်
Categories
Published on Mar 27, 2024

ရန်ကုန်မြို့လယ်ခေါင်ဖြစ်သည့် ဆူလေးကုန်းတံတားအနီး Sule Squareနားတွင် ယနေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

ယင်းပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရကြောင်း အနီးနားနေပြည်သူများက ဆိုသည်။

“တော်တော်ကျယ်ကျယ်ကြားလိုက်ရတယ်။ ဆူးလေကုန်းတံတားနား၊ Sule squareနားပဲ။ ထွက်ကြည့်တော့ ကလေးနှစ်ယောက် သွေးတွေနဲUလဲနေတာတွေ့တယ်။ ဘေးနားကသူတွေလည်းလာကူပြီး ဆေးရုံကြီးကို ပို့လိုက်ကြတယ်”ဟု ၃၂လမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

 

ယင်းပေါက်ကွဲသံကို ရန်ကုန်မြို့တွင်း မြို့နယ်အတော်များများက ကြားလိုက်ရကြောင်း ဆိုကြသည်။

 

အဆိုပါပေါက်ကွဲမှုသည် ကျောက်တံတားမြို့နယ် ရဲစခန်းနားတွင်ဖြစ်သောကြောင့် ယခုလက်ရှိတွင် စစ်ကောင်စီတပ်သားများက လမ်းပိတ်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

Related News

Depend on news