ရန်ကုန်တွင် တစ်လအတွင်း မီးလောင်မှု ၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့ဝင် ဆယ်ဦးထပ်မနည်း ဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Jan 31, 2023

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုနှစ် ဇန်နဝါရီလအတွင်း မီးလောင်မှု ၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့ဝင် ဆယ်ဦးထပ်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အတွင်းရှိ မြို့နယ် ၂၄ မြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အတွင်း မီးလောင်မှု ၄၄ ကြိမ် ဖြစ်ပွားကာ
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနှစ်စမှာ မြောက်ဒဂုံမှာဖြစ်တဲ့ မီးလောင်မှုကတော့ လေးဦးသေတယ် မီးအကြီးအကျယ်လောင်ပြီး ဒဏ်ရာရတာ
Grand Royal စက်ရုံရယ် စိန်ဂေဟာရယ် မီးသတ်တွေရော ပရဟိတအဖွဲ့တွေပါ ဒဏ်ရာရတယ်”ဟု ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ ထန်းတပင်၊သင်္ဃန်းကျွန်း ၊မှော်ဘီ ၊လှိုင်သာယာ၊ကမာရွတ် ၊ရွှေပြည်သာ ၊မင်္ဂလာတောင်ညွန့်၊ တိုက်ကြီး ၊ဒဂုံအရှေ့၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊မြောက်ဥက္ကလာ ၊ဒဂုံဆိပ်ကမ်း ၊ဒဂုံအရှေ ၊ဒလ၊ ခရမ်း ၊သန်လျင်၊ ကျောက်တန်း ၊ကြည့်မြင်တိုင် ၊သာကေတ ၊လသာ ၊ဗဟန်း ၊မရမ်းကုန်းမြို့နယ်များ ဖြစ်သည်။

မီးလောင်မှု ၄၄ ကြိမ်တွင် နေအိမ်မီးလောင်မှု ၂၆ကြိမ်၊ ကိုင်းတောနှင့် မြက်တောမီးလောင်မှု ၁၅ကြိမ်နှင့် ကားမီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မီးလောင်မှု ၂၂၄ကြိမ်ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာ
ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- MFSD
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရန်ကုန်တိုင်း #မီးလောင်မှု