ရန်ကုန်တွင် စစ်ကောင်စီ အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံပွဲလုပ်ရန် နေ့စားခဖြင့် လူလိုက်ခေါ်နေ

Author ကိုပေါက်
Categories
Published on Jan 18, 2023

 

ရန်ကုန်တွင် စစ်ကောင်စီမှ အာဏာသိမ်းမှု ၂ နှစ်ပြည့် ကြိုဆိုပွဲနှင့် ထောက်ခံပွဲပြုလုပ်ရန် စစ်တပ် ထောက်ခံသူများက နေ့စားခဖြင့် လူလိုက်ငှါးနေသည်ဟု ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် စစ်တပ်မှ အာဏာသိမ်းယူသည့် ၂နှစ်ပြည့် ကြိုဆိုပွဲနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ထောက်ခံပွဲကို လူဦးရေထောင်ချီ၍ ပြုလုပ်နိူင်ရန် တပ်ထောက်ခံသူများက စီစဥ်နေသည်ဟု ဒလမြို့ခံတစ်ဦးက CJ Platformm ကိုပြောသည်။

“ဒီဘက်မှာ မြို့တော်ခန်းမရှေမှာ လုပ်မဲ့ တပ်ထောက်ခံပွဲအတွက် လူလိုက်ငှါးနေတယ် ၂လပိုင်း ၁ ရက်နေ့မှ လုပ်မှာကို ကြိုငှါးထားတာ တစ်ယောက်ကို တစ်သောင်းခွဲနဲ့ လူကတော့ အများကြီးပဲ”ဟု ပြောသည်။

အချို့မြို့နယ်များတွင် လူတစ်ဦးလျှင် အပိုအကြို့ ကားဝန်ဆောင်မှုရှိပြီး ထမင်းစားစရိတ်မပါ နေ့စားခ နှစ်သောင်းရသည်ဟု ရွှေပြည်သာမြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“လှည်းကူးမှာဆို နှစ်သောင်းထိပေးတယ် အကြိုအပို့ကားရှိတယ် ကျွေးတာမွေးတာတော့ မပါဘူး ကိုယ့်စားတာ ကိုယ်ရှင်းရမှာ “ဟု ပြောသည်။

တပ်ထောက်ခံပွဲပြုလုပ်ရာတွင် စစ်တပ်ထောက်ခံသူအချင်းချင်း လူဟောင်း ၊လူသစ်ပြသာနာများကြောင့် လူခေါ်မရတာလည်းရှိသည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“အာဏာသိမ်းအောင် ဆန္ဒပြခဲ့တဲ့ တပ်ထောက်ခံသူတွေက သူ့တို့ကိုသူတို့ လူဟောင်းတွေ အာဏာသိမ်းပြီးမှ
ဖြစ်လာတဲ့လော်ဘီ လူသစ်တွေနဲ့ စကားများနေတာ အဲ့ဒါကြောင့် ကြောက်လန့်ပြီး မလိုက်ရဲကြတာ”ဟု ပြောသည်။

စစ်ကောင်စီက အရပ်သားအစိုးရကို မတရား ဖမ်းဆီးပြီး နိုင်ငံတော် အာဏာသိမ်းခဲ့သည်မှာ ယခုလ ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် ၂ နှစ်ပြည့်ပြီဖြစ်သည်။

အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံပွဲနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုပွဲနှင့် ထောက်ခံပွဲကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံအရှေ့မှာ ပြုလုပ်သွားမှာ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နေပြည်တော်နှင့် ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် ပြည်ခိုင်ဖြိုးပါတီ၊ တပ်ထောက်ခံသူ
နှင့် အမျိုးသားရေးသမားများက စစ်တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အာဏာသိမ်းနှစ်နှစ်ပြည့် #ထောက်ခံပွဲ #နေ့စားခ