ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေမရ၍ ပြည်သူများ အခက်အအခဲကြုံတွေ့နေရ

Author ကိုပေါက်
Categories
Published on Jan 24, 2023

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေပြတ်တောက်မှုဖြစ်သည်မှာ သုံးရက်ခန့်ရှိပြီး ရေဝယ်သုံးနေရ၍ ပြည်သူများ အပိုငွေကုန်ကျ၍ အခက်အခဲနှ င့်ကြုံတွေ့နေရသည်ဟု မြို့ခံတွေဆီက သိရသည်။

ရွှေပြည်သာ ၊မရမ်းကုန်း ၊အင်းစိန် ၊တာမွေ၊ မြောက်ဥက္ကလာပ အပါအဝင် မြို့နယ်အချို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့အထိ ရေမရ၍ ရေဝယ်ယူသုံးစွဲနေရသည်ဟု ဒေသခံများက ဆိုသည်။

“ဒီရေကိုအမှီပြုပြီး သုံးနေရတဲ့သူ ရေမရတော့ အပိုဝင်ငွေကုန်တာပေါ့ ရေမရတော့ ရေဝယ်သုံးရတာ သုံးထောင်လောက်ကုန်တယ် အချို့က ကိုယ်တိုင်ရေစက်မှာ သွားခပ်တဲ့သူလည်းရှိတယ် ရေစက်မှာ ရေမရရင်တော့ ဝယ်သုံးပဲ အဲ့ဒီဝယ်သုံးမဲ့ပိုက်ဆံက ဟင်းတစ်ခွက်ချက်စားလို့ရတယ်”ဟု ရွှေပြည်သာမြို့နယ် အမှတ် ၂၄ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရေပြတ်တောက်မှုများရှိ၍ ဘုရင့်နောင်ပွဲရုံ မီးသတ်တပ်ဖွဲ့ ၊မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်းနှင့် ရွှေရောင်သမား ပရဟိတအဖွဲ့မှ လှူဒါန်းနေရသည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“၃ ရပ်ကွက်မှာဆို ရေမရလို့ မီးသတ်တွေရော ပရဟိတအဖွဲ့တွေ လာလှူလို့ သုံးရတာ ဒီလိုသာ ရက်ဆက်ပျက်နေရင်
မလွယ်ဘူး အချို့က ရေဝယ်သုံးရတယ်”ဟု ရှင်းပြသည်။

မြို့နယ်အချို့တွင် ဂျိုးဖြူရေပြန်လည်ရရှိသော်လည်း မီးပြတ်တောက်များကြောင့် ရေမရရှိသည့်အဖြစ်များနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

“ရေပြန်ရတော့ မီးကမလာဘူး မီးလာတဲ့အချိန်ကျတော့ ရေပေးတဲ့အချိန်က ကိုယ်အလှည့်မဟုတ်တော့ဘူး အခြား
ရပ်ကွက်ဖြစ်နေပြီ အဲ့လိုသံသရာလည်နေတာ အခုလည်း ရေပေးနေတယ် မီးကမလာတော့ ဘယ်လိုရေတင်မလဲ”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ရေပြတ်တောက်ရသည့်အကြောင်းမှာ ရေကူးရေတွန်းစက်ရုံဝင်းအတွင်းက ဂျိုးဖြူပိုက်ယိုစိမ့်မှုကို ပိုက်အသစ်အစားထိုးလဲလှယ် ပြုပြင်နေ၍ ရေပြတ်တောက်ရတာဖြစ်သည်ဟု စည်ပင်နှင့်နီးစပ်သူများထံမှ သိရသည်။

ဂျိုးဖြူရေသုံးစွဲသူများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဇန်နဝါရီလ ၁၈ ရက်က ဂျိူးဖြူပိုက်လိုင်းသုံးစွဲနေသည့် တောင်ဥက္ကလာ၊ ရန်ကင်း၊ မရမ်းကုန်း၊ တာမွေမြို့နယ်အပါအဝင် ၁၇ မြို့နယ်တွင် ရေပြတ်တောက်မှုများ ဖြစ်နိူင်သည်ဟု အသိပေး ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရန်ကုန် #ဂျိုးဖြူရေ #ရေပြတ်