ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု တစ်နှစ်ခန့်ကြာမြင့်သော်လည်းခွင့်မပြု၊ စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများအား ချက်ခြင်းပြောင်းခွင့်ပြု

Author လင်းခိုင်
Categories
Published on Feb 10, 2023

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု တစ်နှစ်ခန့် ကြာမြင့်သော်လည်း ခွင့်မပြုသေးကြောင်း၊ စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကို ချက်ခြင်းပြောင်းခွင့် ပြုနေကြောင်း ရဲသတင်းအရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်ကို ရွေ့ပြောင်းမိန့်တင်ထားတာကြာပြီ၊ တစ်နှစ်ကျော်နေပြီ အခုထိ ကို အမိန့် မလာသေးဘူး။ စစ်ကိုင်းဘက်ပြောင်းမလားတဲ့ ပြောင်းရင်တော့ ချက်ခြင်းခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်” ဟု ရဲသတင်းအရင်းမြစ်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပါက ရဲများ၊ စစ်သားများ အကျအဆုံးများသည့်အတွက် ယခုကဲ့သို့ရွေ့ပြောင်းမိန့်ကို ရဲအများအပြားက အထက်သို့တင်ပြကာ ပြောင်းရွေ့နေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“တစ်နိုင်ငံလုံးမှာဆိုရင် ရှမ်းပြည်နယ်က အားလုံးထဲမှာ တိုက်ပွဲအနည်းဆုံးပဲလေ၊ အဲ့ဒီတော့ အဲ့ဘက်ကို ရွေ့ပြောင်းလျှောက်တဲ့သူက များတယ်” ဟု ယင်းကဆိုသည်။

အချို့သော ရဲများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲအဖြစ် မလုပ်ဘဲ CDM ပြုလုပ်ခြင်သော်လည်း CDM ပြုလုပ်ပါက အခက်အခဲဖြစ်နိုင်သည့် အခြေအနေများကြောင့်လည်း ရဲအဖြစ် ဆက်လက်လုပ်ကိုင်နေသူ အများအပြားရှိကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ နှင့် AA တပ်တော်တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၂၆ ရက်မှ စတင်ကာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ညှိနှိုင်းမှုဖြင့် တိုက်ပွဲများ ယာယီရပ်ဆိုင်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံရဲများနှင့် မိသားစုဝင်များကို ခရီးသွားလာခြင်း ကန့်သတ်မှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရခိုင်ပြည် #ရဲတပ်ဖွဲ့