ယူရို သန်း ၂၅၀ ဆုရှင် အိုင်ယာလန်မိသားစု ဘဝကို ဘယ်လိုဖြတ်သန်းမလဲ

အိုင်ယာလန်မိသားစုတစ်စုဟာ ထီသမိုင်းတစ်လျှောက် အကြီးမားဆုံးဆုတွေထဲက တစ်ခုဖြစ်တဲ့ ယူရို သန်း ၂၅၀ တန် EuroMillions ထီဆုကြီးကို ကံထူးခဲ့ပါတယ်။
များပြားလှတဲ့ ဆုငွေရရှိခဲ့ပေမယ့် သူတို့ဟာ အိုင်ယာလန်မှာပဲ သူတို့ရဲ့ မူလဘဝနေထိုင်မှုပုံစံအတိုင်း ဆက်ထိန်းပြီးနေထိုင်သွားမယ်လို့ ဆိုပါတယ်။
မိသားစုဝင်တစ်ဦးကတော့ နေ့လယ်စာအတွက် ဝက်ပေါင်ခြောက်နဲ့ ချိစ်ညှပ်ပေါင်မုန့်ကိုပဲ ဆက်စားသွားမယ်လို့ ဟာသလုပ်ပြီး ပြောဆိုခဲ့ပါသေးတယ်။
အဲဒီမိသားစုက အားလပ်ရက်အပန်းဖြေအိမ်တွေ ရှာဖွေနေပြီး အိမ်မက်ထဲက ခရီးစဥ်တွေကို စီစဥ်နေတယ်ဆိုပေမယ့် ငွေက သူတို့ကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
သူတို့က သတင်းကြည့်ရင်း National Lottery အက်ပလီကေးရှင်းမှာ ဂဏန်းများတိုက်နေစဥ်က အရမ်းစိတ်လှုပ်ရှားခဲ့ရပြီး အဲဒီအချိန်က လုံးဝမယုံနိုင်စရာ အခိုက်အတန့်တစ်ခုဖြစ်ခဲ့တယ်လို့ သူတို့ရဲ့ အတွေ့အကြုံကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
Source – BBC
ဓာတ်ပုံ – Briminghan Live