ယူကရိန်းနဲ့ ရုရှားတို့ တူရကီမှာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်

ယူကရိန်းနဲ့ ရုရှားတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဇူလိုင် ၂၃ရက်နေ့မှ ပြန်လည်စတင်ပြီး တူရကီနိုင်ငံမှာ ဆွေးနွေးပွဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒါဟာ နှစ်လနီးပါးအတွင်း ပထမဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးမှု ဖြစ်လာမှာ ဖြစ်ပါတယ်။
သုံ့ပန်းတွေ လဲလှယ်ဖို့နဲ့ နောက်ထပ်ဆွေးနွေးမှုတွေအတွက် ပြင်ဆင်နေတဲ့ လုံခြုံရေးအကြီးအကဲ ရပ်စတမ် အူမရော့ဗ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒီအစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။
ယူကရိန်းဘက်က ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို ထောက်ခံနေပေမဲ့ ရုရှားကတော့ ကြိုတင်သတ်မှတ်ချက်တချို့ကို အခိုင်အမာ တောင်းဆိုထားပါတယ်။
နှစ်ဖက်စလုံးဟာ လက်ရှိမှာ “လုံးဝဆန့်ကျင်ဘက်” ဖြစ်တဲ့ ရပ်တည်ချက်တွေမှာ ရှိနေတယ်လို့ ရုရှားဘက်က ပြောပါတယ်။
အဓိက သဘောထားကွဲလွဲမှုတွေထဲမှာ ရုရှားသိမ်းပိုက်ထားတဲ့ ဒေသလေးခုကို ယူကရိန်းက စွန့်လွှတ်ပေးဖို့ ရုရှားရဲ့တောင်းဆိုချက်လည်း ပါဝင်နေပါတယ်။
တိုးတက်မှုပြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖိအားပေးမှုအောက်မှာရှိနေတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ဇလန်းစကီးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ကို ခုချိန်ထိ ငြင်းဆန်နေပါတယ်။
ရက် ၅၀ အတွင်း သဘောတူညီချက်မရရင် ရုရှားနဲ့ သူ့ရဲ့ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ ထရန့်က သတိပေးထားပါတယ်။
အရင်က ဆွေးနွေးပွဲတွေကနေ သုံ့ပန်းတွေ လဲလှယ်နိုင်ခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေး အပြည့်အဝရရှိဖို့အတွက် အောင်မြင်မှု တစုံတရာ မရရှိသေးပါဘူး။
Source – Reuters
ဓာတ်ပုံ – Reuters