ယာယီသမ္မတ ဒူဝါလရှီးလ နိုင်ငံတကာ ခေါင်းဆောင်များနှင့်အတူ REUTERS Next Leadership Summit တွင် မိန့်ခွန်းပြောကြားမည်

Author မွန်လေး
Categories
Published on Nov 30, 2022

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာ ခေါင်းဆောင်များနှင့်အတူ REUTERS Next Leadership Summit တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ရက် မြန်မာ စံတော်ချိန် နေ့လည် ၂နာရီ ၁၀ မိနစ် တွင် ပြုလုပ်မည့် REUTERS Next Leadership Summit နှင့် Global Broadcast တွင် ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ကနေဒါ၀န်ကြီးချုပ်၊ လစ်သူယေးနီးယား၀န်ကြီးချုပ်၊ ဂျပန်နိုင်ငံခြားရေး၀န်ကြီး၊ IMF မန်နေးဂျင်းဒါရိုက်တာ၊ ကမ္ဘာ့ဘဏ် ဥက္ကဌ၊ Morgan Stanley ဥက္ကဌနှင့် CEO တို့အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များ ပါ၀င်ဟောပြောသွားမည်ဖြစ်သည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုင်ငံတကာအသိုင်းအဝန်းသို့ ဝင်ဆံ့နိုင်ရန် ကြိုးပမ်းနေသော်လည်း နိုင်ငံတကာမှ အသိမှတ်ပြုခြင်း မရှိခဲ့သည့် အချိန်တွင် ယခုကဲ့သို့ NUG ယာယီသမ္မတမမှ မိန့်ခွန်းပြောကြား ဖိတ်ကြားခံရခြင်းဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ