ယနေ့ ကိုဗစ် အတည်ပြုလူနာသစ် ၂၇၃ ဦးရှိ ယမန်နေ့ကထက် ၄ ဦးလျော့
ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ကိုဗစ် အတည် ပြု လူနာသစ် ၂၇၃ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၉ ရက်က ကိုဗစ် အတည် ပြုလူနာသစ် ၂၇၇ ဦးတွေ့ရှိခဲ့ပြီး ယနေ့မှာတော့ ကိုဗစ်အတည်ပြုလူနာသစ် ၂၇၃ ဦး တွေ့ရှိခဲ့ကာ ယမန်နေ့ကထက် ၄ ဦး လျော့နည်းသွားကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၉,၉၂၆ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၇၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ သြဂုတ်လ တစ်လတာအတွင်း အတည် ပြုလူနာသစ် ၁၃၀၃ ဦးတွေ့ရှိခဲ့ပြီး၊ စက်တင်ဘာလ တစ်လတာအတွင်း အတည်ပြုလူနာသစ် ၇၉၄၅ ဦး ထိ တိုးမြင့်တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။