ယနေ့ ကိုဗစ် အတည်ပြုလူနာသစ် ၅၀၀ ကျော် တွေ့ရှိခဲ့

Published on Oct 18, 2022

ယနေ့ အောက်တိုဘာ ၁၈ ရက်တွင် ကိုဗစ် အတည်ပြုလူနာသစ် ၅၁၅ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က ကိုဗစ်အတည်ပြု လူနာသစ် ၂၈၄ ဦးတွေ့ရှိခဲ့ပြီး ယနေ့မှာတော့ ကိုဗစ်အတည်ပြုလူနာသစ် ၅၁၅ ဦး တွေ့ရှိခဲ့ကာ ယမန်နေ့ကထက် ၂၃၁ ဦး တိုးလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၉,၃၇၆ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၇၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ သြဂုတ်လ တစ်လတာအတွင်းအတည်ပြု လူနာသစ် ၁၃၀၃ ဦးတွေ့ရှိခဲ့ပြီး၊ စက်တင်ဘာလ တစ်လတာအတွင်း အတည်ပြုလူနာသစ် ၇၉၄၅ ဦး ထိ တိုးမြှင့်တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။