ယနေ့ ကိုဗစ် အတည်ပြုလူနာသစ် ၂၅၅ ဦးရှိ

Published on Oct 16, 2022

ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် ကိုဗစ် အတည် ပြုလူနာသစ် ၂၅၅ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ မရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်က ကိုဗစ် အတည် ပြုလူနာသစ် ၃၂၅ ဦးတွေ့ရှိခဲ့ပြီး ယနေ့မှာတော့ ကိုဗစ်အတည်ပြုလူနာသစ် ၂၅၅ ဦး တွေ့ရှိခဲ့ပြီး ယမန်နေ့ကထက် ၇၀ ဦး ကျဆင်းလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၈,၅၇၇ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၆၇ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ ယခုချိန်ထိ နေ့စဥ် ပျမ်းမျှအားဖြင့် ၃၀၀ ဝန်းကျင် တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။