ယင်းမာပင်ရှိ အထိုင်တပ်ကို လက်နက်ကြီးများဖြင့်တိုက်ခိုက်

Author မင်းထက်
Categories
Published on Nov 08, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး(ခ)သီတဂူတွင် တပ်စွဲထားသည့် စစ်ကောင်စီအထိုင်တပ်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုမှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

“ကျနော်တို့က ၆၀၊ ၈၀ မမတွေနဲ့ စခ အင်အား ၈၀ လောက်ရှိတဲ့ သီတဂူမှာအထိုင်ချနေတဲ့ စခတွေကိုသွားရောက်ပစ်ခတ်ခဲ့တာပေါ့ဗျာ။ အထိအခိုက်က အသေအချာကိုရှိတယ်။ ပြီးတော့ ဒီကောင်တွေလန့်နေတာ။ လုံးဝကို သွေးပျက်နေတာ ” ဟု လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်မှ ၈၀ မမ နှင့် ၁၂၀ မမများအပြင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ယင်းစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defence Force၊ မဲမှောင်ပျောက်ကြားတပ်နှင့် ယင်းမာပင်-ဆားလင်းကြီးလက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။