ယင်းမာပင်မြို့ ၊ ရဲတပ်ရင်း ၂၈ ကို ဒေသခံ PDF များ လက်နက်ကြီးအလုံး ၁၀၀ခန့်ဖြင့် တိုက်ခိုက် ရဲအများအပြား သေဆုံးနိုင်

Author လင်းခိုင်
Categories
Published on Jan 05, 2023

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရဲတပ်ရင်း ၂၈ ကို ဒေသခံ PDF များမှ လက်နက်ကြီး အလုံး ၁၀၀ခန့်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင်း ရဲအများအပြားသေဆုံးနိုင်ကြောင်း National Revolutionary Guards မှ ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်နံနက် ၁နာရီခွဲတွင် အဆိုပါ ရဲတပ်ရင်းကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီရဲတပ်ရင်းမှာက ရဲအင်အား ၂၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ ပစ်တဲ့ လက်နက်ကြီးတွေက သူတို့ အဆောင်နေအိမ်တွေပေါ် တည့်တည်ကျတာဆိုတော့ အသေအပျောက်များမှာ အသေအဆုံးအတိအကျကို တော့ သေချာအတည်မပြုနိုင်သေးဘူး” ဟု ဗိုလ်သူရိန်က ပြောကြားသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ရင်း ၀င်းအတွင်း ငိုယိုအောင်ဟစ်သံများကြားရကြောင်း၊ ထိုနောက် ကားကြီးနှစ်စီးဖြင့် ရဲတပ်ရင်းအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ဆောင်သွားသည်ကိုလည်း မြင်တွေ့ရကြောင်း ဗိုလ်သူရိန်က ဆက်လက်ပြောကြားသည်။

“ တိုက်ပွဲဖြစ်ပွားပြီး တစ်နာရီကျော်ကြာတဲ့အထိကို အဲ့ထဲမှာ သွေးပျက်ပြီးတော့ ငိုယိုနေကြတာ၊ လင်းအာရုံတက်ချိန်လောက်မှာ ကားကြီးနှစ်စီးနဲ့ သေဆုံးဒဏ်ရာရတဲ့သူတွေကို ထုတ်သွားတယ်” ဟု ဗိုလ်သူရိန်ကပြောကြားသည်။

အထက်ပါ စစ်ဆင်ရေးအား National Revolutionary Guards(NRG-PDF/Salingyi)၊ Chindwin Revolutionary Fighter ၊ ပြည်သူအားလုံးရဲ့ PK/PDF၊ နည်စည်းမခြား ဇာမဏီ ပြောက်ကြားတပ်ဖွဲ့၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် ၊တောသားကြီး(ကျားပျံ) နှင့် AK အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းမာပင်မြို့၊ ရဲတပ်ရင်း ၂၈ ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။

ဓာတ်ပုံ- National Revolutionary Guards
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ဗိုလ်သူရိန်