ယခင်နှစ် ဒီဇင်ဘာလ တစ်လအတွင်း ပုလဲမြို့နယ်တွင် ဂိတ် ၉ ဂိတ်မှ အခွန်ကောက်ခံမှု ကျပ် သိန်း ၄၆၀ ကျော်ရရှိ

Author လင်းခိုင်
Categories
Published on Jan 08, 2023

 

ယခင်နှစ် ဒီဇင်ဘာ တစ်လအတွင်း ပုလဲမြို့နယ် ဂိတ် ၉ ဂိတ်မှ အခွန်ကောက်ခံရရှိမှု ကျပ်သိန်း ၄၆၀ ကျော်ရှိကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၆ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့တို့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ် အစည်းအဝေးပြုလုပ်ရာတွင် ဘဏ္ဍာရေးတာ၀န်ခံမှ ဂိတ် ၉ ဂိတ်မှ ကောက်ခံရရှိသည့် အခွန်ငွေများကို ရှင်းလင်းတင်ပြခဲ့သည်။

ကောက်ခံရရှိသည့် ကျပ်သိန်း ၄၆၀ ကျော်၏ ၃၀ ရာခိုင်နှုန်း(၁၃၈ သိန်းကျော်)ကို ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ၄၀ ရခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကျန် ၃၀ ရာခိုင်နှုန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ ဘဏ္ဍာခွန်၀န်ကြီးဌာနသို့ အချိုးကျ ခွဲဝေသုံးစွဲမည် ဖြစ်သည်။

ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရရှိသည့် ၃၀ ရာခိုင်နှုန်းကို လူသားခြင်းစာနာထောက်ထားမှု၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုံးအသုံးစရိတ်များအတွက် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပုလဲ့မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရရှိသည့် ၄၀ ရာခိုင်နှုန်းအား ပုလဲမြို့နယ် အခြေစိုက် PDF တပ်ရင်းများနှင့် တိုက်နယ် ပကဖများကို စုံညီအစည်းအဝေးခေါ်ကာ ခွဲတမ်းချအသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုလဲမြို့နယ် #NUG #အခွန်းကောက်ခံရမှု