ယခင်စစ်အာဏာရှင်များအတိုင်း ခြံစည်ရိုးများ ဆေးသုတ်ရန် နေအိမ်ရှေ့ ခြုံနွယ်များ ရှင်းလင်းရန် စည်ပင်မှ ဖိအားပေးခိုင်းနေ

Author စကားဝါ
Categories
Published on Dec 08, 2022

 

ယခင်စစ်အာဏာရှင်များအတိုင်း ပွင့်လင်းရာသီတွင် ပြည်သူများပိုင် နေအိမ် ခြံစည်းရိုးများ ဆေးသုတ်ရန်၊ နေအိမ်ရှေ့ ခြုံနွယ်မြက်များအား ရှင်းလင်း စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့မှ ဖိအားပေး ခိုင်းစေနေကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ဒီဇင်ဘာလ ၁၂ရက်နေ့ နောက်ဆုံးထားကာ ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်ခြံဝန်းများအား ဆေးသုတ်ရန်နှင့် ခြုံနွယ်မြက်များ ရှင်းလင်းရန် ဖိအားပေး ညွှန်ကြားနေခြင်း ဖြစ်သည်။

“၂၀၀၈လောက်ကအထိ အချိုးတွေပေါ့ တကယ်က လမ်းဘေးဝဲယာ ခြုံတွေ မြက်တွေက စည်ပင်က ရှင်းရမှာ ဒီအတွက် အခွန်ပေးထားရတာ၊ ကိုယ့်အိမ် ကိုယ့်ခြံကတော့ ပိုက်ဆံရှိရင် ဆေးသုတ်မှာပေါ့ မရှိရင် မသုတ်ဘူးပေါ့ ဒါကို အမိန့်နဲ့ မလုပ်မနေရခိုင်းတာ၊ မှတ်မိမလား မသိဘူး ၁၉၉၄လောက်မှာ ကိုယ့်အိမ်တွေကို အိမ်ရှေ့မျက်နှာစာ တိုက်ပုံစံ ပြုပြင်ရန်ဆိုတာ၊ နောက်က ပျဉ်ထောင်အိမ်အစုတ်နဲ့ ရှေ့ကို မဖြစ်မနေတိုက်ဆောက်ခိုင်းတာ ၊ အခုလဲ အဲ့လိုပဲ”ဟု ပန်းတနော်မြို့ ဒေသခံတစ်ဦးမှ ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး အမိန့်ပေး အဓမ္မစေခိုင်းမှုများသာ များပြားလာခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စည်ပင် #အမှိုက် #ဆေးသုတ်