မြောင်တွင် စစ်တပ်၏ လက်နက်ကြီးထိမှန်ပြီး သံဃာတစ်ပါး အပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Jan 20, 2023

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် သံဃာတစ်ပါး အပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်မှ ယနေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်မှာ လက်နက်ကြီးဖြ င့်ပစ်ခတ်ခဲ့တာကြောင့် မြောင်မြို့နယ် ဆူးလေကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်သည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတပါး အပါအဝင် စစ်ဘေးရှောင် ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ ကျွဲ နွားများလည်း လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

“မနက်ကတည်းက ရေစကြိုဘက်ကနေ ချင်းတွင်းကူး ကျောက်ရစ်စခန်းကနေလည်း ထွက်လာကြတယ်။ စစ်ကြောင်းက နှစ်ဘက်ထွက်တာပါ လက်နက်ကြီးပစ်တာက ၁၀နာရီ ၄၀ ပါ”ဟု ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ဆိုသည်။

ထို့အပြင့် ယနေ့မနက်ပိုင်းမှာလည်း မြောင်နယ် နနွင်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ဆူးလေကုန်းကျေးရွာ