မြောက်ဥက္ကလာပ ထွေအုပ်ရုံးအနီး ဗုံးပေါက်

Author ဝေ
Categories
Published on Feb 01, 2023

 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီ၀န်းကျင်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ၊ သီရိကန်သာယာလမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ဒီနေံ မနက်စောစော ၆ နာရီမထိုးခင်လောက်လို့ထင်တယ်။ ရုံးအနောက်ဘက်က ပေါက်ကွဲသံ ကြားလိုက်တာပါ၊ ပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ စစ်ေ-ွးတွေကင်းတဲတော့ရှိတယ်။ ဘယ်သူတွေထိလဲ အခုထိတော့ မကြားသေးဘူး” ဟု သီရိကန်သာယာလမ်းတွင် နေထိုင်သူတစ်ဦးကပြောကြားသည်။

ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရသေးသော်လည်း စစ်ကောင်စီ အာဏာသိမ်းမှု ၂ နှစ်ပြည့်တွင် စစ်ကောင်စီအာဏာသိမ်းခြင်းကို လက်မခံသည့် မြို့ပြတော်လှန်ရေးသမားများမှ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်.

“မြို့ပြ ယူဂျီတွေ လုပ်တယ်လို့ထင်တာပဲဗျ၊ ဒါကြောင့်မို့ပြည်သူတွေကို မထိခိုက်အောင် မနက်စောစောလုပ်သွားတာ၊ နောက်ပြီး ဒီနေ့က စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့နေ့ဆိုတော့လေ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ပြတော်လှန်ရေးသမားများ ဖမ်းဆီးခံရမှု ခပ်စိပ်စိပ် ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု အနည်းငယ်ကျဲသွားခဲ့သော်လည်း၊ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ပြန်လည်လှုပ်ရှားမှုများ ရှိလာခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရန်ကုန်တိုင်း #မြောက်ဥက္ကလာပမြို့နယ် #ထွေအုပ်ရုံး #ဗုံးပေါက်