မြေလတ်ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်ကာ CDM ကျန်းမာရေး၀န်ထမ်းများနှင့် ပူးပေါင်းပြီး ကျေးလက် အခမဲ့ ဆေးခန်းဖွင့်လှစ်
မြေလတ်ပြောက်ကျား တပ်ဖွဲ့(MRG)မှ ဦးဆောင်ကာ CDM ကျန်းမာရေး၀န်ထမ်းများနှင့် ပူးပေါင်းပြီး ကျေးလက်အခမဲ့ ဆေးခန်း ဖွင့်လှစ်ခဲ့ကြောင်း တာ၀န်ခံ ရဲဘော်ပြေက CJ Platform သို့ပြောကြားသည်။
ကျေးလက် အခမဲ့ ဆေးခန်း ဖွင့်လှစ်ရခြင်းသည် အညာဒေသရှိ ကျေးလက်နေပြည်သူများ ကျန်းမာရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် အခြေခံ ကျန်းမာရေး ကုသမှုအပိုင်းတွင် အဆင်ပြေစွာ ကုသပျောက်ကင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆေးခန်းဖွင့်လှစ်တာက ကျွန်တော်တို့ MRG ကဦးစီးပြီး ကျွန်တော်တို့ MRG မှာဆေးမှူးအဖြစ် ပါ၀င်ကူညီနေတဲ့ CDM ကျန်းမာရေး၀န်ထမ်းတွေရယ် ဆေးခန်း ဖွင့်လှစ်ထားတဲ့ဒေသက ဒေသခံတွေရယ် ပြီးတော့ ကျွန်တော်တို့နဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ အကူအညီတွေလည်း ပါပါတယ်ဗျ” ဟု ရဲဘော်ပြေက ပြောကြားသည်။
အခမဲ့ ဆေးခန်းကို ဇန်နဝါရီ ၁ ရက်နေ့တွင်စတင်တွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး MRG တွင်ရှိထားသည့် ဆေးဝါးများဖြင့် ဒေသခံပြည်သူများကို ကုသမှုများ ပြုလုပ်ပေးလျက် ရှိကြောင်းလည်း သိရသည်။
မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီကို တွန်းလှန်ရင်း ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုကဲ့သို့ အခမဲ့ဆေးခန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျေးလက်အခမဲ့ ဆေးခန်းဖြစ်သည့်အတွက် ဆေးခန်းတွင် လိုအပ်လျက်ရှိသည့် ဆေးဝါးများ၊ ဆေးပစ္စည်းများ ဖြည့်တင်းနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ မိဘပြည်သူများအနေဖြင့် ပါ၀င်ကူညီကြရန် MRG မှ နှိုးဆော်ထားသည်။
ဓာတ်ပုံ-MRG
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြေလတ်ပြောက်ကျား #CDM #ဆေးပေးခန်း