မြေပုံရှိ ယောချောင်းဗျူဟာကုန်းနှင့် အနီးနား စခန်းကုန်းများကို  AA သိမ်းပိုက် ◼ ဟောင်ဝှစ်ဇာအ​မြောက်နှင့် လက်နက်ခဲယမ်းများ မီးရှို့ပြီး စစ်ကောင်စီတပ်သားများထွက်ပြေး

Author အဂ္ဂ
Categories
Published on Jan 27, 2024

ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ယောချောင်းဗျူဟာကုန်းနှင့် အနီးအနားရှိ စခန်းကုန်းများကို  ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်)တွင် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ညထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဗျူဟာကုန်းနှင့် စခန်းကုန်းများကို စစ်ကောင်စီတပ်များက စွန့်လွှတ်ထားခဲ့ခြင်းဖြစ်ပြီး စခန်းတွင်းရှိ ၁၂၂ မမ (မီလီမီတာ) ဟောင်ဝှစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

 

စခန်းစွန့်ကာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော်က လိုက်လံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ရက္ခိုင့်တပ်တော်ထံ လက်လွှတ်လိုက်ရသည့် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ အစုံသုံးကာ ဖျက်ဆီးတိုက်ခိုက်ခဲ့သကဲ့သို့ ယခုစွန့်ခွာထွက်ပြေးသည့်စခန်းကုန်းရှိ လက်နက်ခဲယမ်းများနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

လက်ရှိတွင် ရက္ခိုင်ပြည်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ပြီး ရမ်းဗြဲမြို့ကိုလည်း ပျက်စီးစေရန်ရည်ရွယ်ကာ ယမန်နေ့တစ်ရက်လုံး ဂျက်ဖိုက်တာများဖြင့် ဖျက်အားပြင်းဗုံးများကြဲချကာ တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

တိုက်ပွဲများတွင်အထိနာနေသော စစ်ကောင်စီသည် ယခင်ရက်များအတိုင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး ယမန်နြေတွင် ဘူးသီးတောင်မြို့နယ်ရှိ ကြာညိုပြင်ကျေးရွာအနီးရှိ တပ်မ (၂၂) လက်အောက်ခံ အမှတ် (၂၀၃) ခြေမြန်တပ်ရင်း (ခမရ) မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဖုံညိုလိပ်ကျေးရွာ၊ အမှတ် (၁၂) ရပ်ကွကါအတွင်း ကျရောက်ပေါက်ကွဲကာ အသက် (၂၃) နဗစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ထို့ပြင် ပြီးခဲ့သည့်  ဇန်နဝါရီ (၁၈)ရက်နေ့က ပေါက်တောမြိုသို့ စစ်ကူစေလွှတ်ခဲ့သည့် စစ်ကောင်စီ၏ နေဗီသင်္ဘောသည် မင်းပြားမြို့နယ်၊ ငတန်ပျင်းကျေးရွာအတွင်း ဝင်ရောက်ကာ အသက် (၆၄) နှစ်အရွယ် အမျိုးသမီး၊ အသက် (၆၂) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးတို့ကို ရက်ရက်စက်စက် လည်ပင်းလှီးသတ်ဖြတ်ခဲ့သည်။ ထို့နောက် ဘာဘူတောင်နှင့် ကျားရဲပြင်ကျေးရွာတို့မှ ပြည်သူလူထု၏ ပစ္စည်းများကို လုယူသွားခဲ့ပြီး စပါးကျီများကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီသည် ချင်းပြည်ရှိ ပလက်ဝ ဒေသတစ်ခုလုံး၊ရက္ခိုင်ပြည်ရှိ ပေါက်တောမြို့နှင့် ယမန်နေ့က စွန့်လွှတ်ခဲ့သည့် ယောချောင်းဗျူဟာကုန်းအပါအဝင် ရက္ခိုင်ပြည် အနှံ့အပြားရှိ အခြေစိုက်စခန်းပေါင်း (၁၇၀) ဝန်းကျင်ကို ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ထားရပြီလည်းဖြစ်သည်။

Related News

Depend on news