မြိုင်တွင် စစ်ကောင်စီ ဂိတ်စခန်း တိုက်ခိုက်ခံရ

Author ခူးဆယ်
Categories
Published on Nov 04, 2022

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပ.က.ဖ မှ ထုတ်ပြန်ထားသည်။

မြိုင်မြို့နယ် အနောက်ဘက်ရှိ စစ်သားနှင့် ရဲ ခြောက်ဦးခန့်ရှိသည့် ဂိတ်စခန်းအား ယမန်နေ့ည ၈ နာရီဝန်းကျင်မှာ မြိုင် ပ က ဖ မှ အလစ်အငိုက် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်သော်လဲ အတည်မပြုနိုင်ခဲ့ဘဲ စစ် ကောင်စီတပ်သားများမှ လက်နက်ကြီး လက်နက် ငယ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ဆေးပင်ကြီးရွာအနီးတွင် စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည့် ဒေသကာကွယ်ရေး ရဲဘော် ငါးဦးအတွက် လက်တုံ့ပြန်သည့် အနေဖြင့် တိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram Link: https://t.me/cjplatform
Website Link: https://cjplatform.com/
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform