မြိုင်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး ဆုံးပါး

Author ခေတ်နီ
Categories
Published on Sep 30, 2022

စစ်ကိုင်းတိုင်း မြိုင်မြို့နယ်အနောက်ပိုင်းတွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၅ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးခဲ့ကြောင်း we love myaing က သတင်းထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သားများက နေအိမ်အတွင်း ထောင်ထားခဲ့သော မိုင်းကို ယနေ့ နေ့လည် ၁၂နာ ရီဝန်းကျင်အချိန်ခန့်မှာ အသက်ငါးနှစ်အရွယ် ကိုစိုင်း (ခ)မောင်စိုင်းဝေယံ က နင်းမိပြီးမိုင်းထိမှန်သေဆုံးခဲ့တာပဲဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့သည့်စက်တင်ဘာလ ၂၅ရက်နေ့တည်းက ကျောက်ခွက်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးနေခဲ့တာပဲ ဖြစ်သည်။

မိုင်းပေါက်ကွဲခဲ့သည့် နေအိမ်ဟာ စစ်ကောင်စီတပ်များ လွန်ခဲ့သည့် ၇လပိုင်းတွင် ဝင်ရောက်တပ်စွဲသွားပြီး မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရခြင်းကြောင့် ယာယီပြန်လည် နေထိုင်နိုင်ရန် ပြန်ဆောက်ထားတဲ့အိမ်ဖြစ်ပြီး စစ်ကောင်စီတပ်များမှာ အိမ်ခေါင်းရင်း ဘုရားစင်တိုင်ခြေနားမှာ နင်းမိုင်းထောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။