မြန်မာ့အရေးဖြေရှင်းရာတွင် ပြည်သူများ၏ နိုင်ငံရေးသဘောဆန္ဒအပေါ် အလေးထားပြီး အာဆီယံနှင့် လက်တွဲပူးပေါင်းလိုကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Nov 15, 2022

 

မြန်မာ့အရေးဖြေရှင်းရာတွင် ပြည်သူများ၏ နိုင်ငံရေးသဘောဆန္ဒအပေါ် အလေးထားပြီး အာဆီယံနှင့် လက်တွဲပူးပေါင်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

နို၀င်ဘာ ၁၅ ရက် (ယနေ့) တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၄ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အပြုသဘောဆောင်သည့် ရလဒ်အချိုကထွက်ပေါ်ခဲ့ကြောင်း၊ အဆိုပါအချက်သည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၀င်များ၏ အားထုတ်မှုများပါ၀င်သလို၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နိုင်ငံရေး စိတ်ဇောထက်သန်ပြင်းပြမှုတွေ့ကြောင့်လည်း ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“မြန်မာ့အရှေးဖြေရှင်းရာမှာ ကျွန်တော်တို့ အစိုးရအနေဖြင့်လည်း မြန်မာပြည်သူလူထုများရဲ့ နိုင်ငံရေးသဘောဆန္ဒအပေါ် အလေးထားပြီး အာဆီယံနဲ့အတူ လက်တွဲပူးပေါင်းလိုကြောင်း ထပ်မံပြောကြားပါရစေ” ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် အာဆီယံထိပ်သီးအစည်းမှ “Five Points Consensus” ကို ဖိဖိစီးစီး ကြိုးပမ်း လုပ်ဆောင်လာမည့် သဘောတွေ့ရသည့်အတွက် အပြုသဘောဆောင်ပြီး ကြိုဆိုရမည်ဖြစ်ကြောင်း၊ အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့၀င်နိုင်ငံဖြစ်ရန် သဘောတူညီချက်ရလာသည့် အရှေ့တီမောနိုင်ငံအတါက်လည်း NUG က ကြိုဆိုအသိအမှတ်ပြုရမည်ဟု ယာယီသမ္မတက ဆိုသည်။

ယင်းအပြင် မြန်မာပြည်အရေးကို စာနာထောက်ထားသည့် အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့၀င်နိုင်ငံအဖြစ် ပါ၀င်လာခြင်းသည် မြန်မာလူထု တရပ်လုံးအတွက် အကျိုးရှိသည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ဒေသတွင်း နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲများကို အမြဲမပြတ် အကဲခတ်ပြီး လုပ်သင့် လုပ်ထိုက်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်နိုင်ရန် တိုက်တွန်းလိုကြောင်း၊ ပြည်တွင်း အင်အားစု မဟာမိတ်များနှင့် ချိတ်ဆက်တည်ဆောက်မှုများနှင့် နိုင်ငံတကာ၊ ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် မြန်မာ့အရေး ချိတ်ဆက်လုပ်ဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ဓာတ်ပုံ- NUG

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဒူဝါလရှီးလ #ယာယီသမ္မတ #အာဆီယံ