မြန်မာပြည်သူများအတွက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ဆောင်ရွက်နေသည့် ကိစ္စများအတွက် ကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 10, 2022

 

မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ဆောင်ရွက်နေသည့် ကိစ္စများအတွက် ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာနမှ ယနေ့(နို၀င်ဘာ ၁၀ရက်) တွင် ထုတ်ပြန်ထားသည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂသည် နို၀င်ဘာ ၈ ရက်တွင် တရားမ၀င် စစ်အုပ်စုနှင့် ယင်းတို့နှင့် ဆက်နွယ်နေသည့် ခရိုနီများကို စီးပွားရေး ပိတ်ဆို့မှု အသစ် များထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့မှုအပေါ် NUG အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့ပြင် နို၀င်ဘာ ၈ ရက်သည် ၂၀၂၀ ခုနှစ်က ကျင်းပခဲ့သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြု လက်ခံခဲ့ကြသည့် အထွေထွေရွေးကောက်ပွဲ၏ ၂ နှစ်ပြည့် အချိန်ကာလလည်းဖြစ်ကြောင်း၊ ယခုထပ်မံ တိုးမြှင့်သည့် အရေးယူဆောင်ရွက်မှုများသည် မြန်မာပြည်သူများနှင့် မြန်မာပြည်သူများ တရား၀င်အသိအမှတ်ပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ အပေါ် ထောက်ခံအားပေးကြောင်း သတင်းစကားပါး လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တဖက်တွင် စစ်ရာဇ၀တ်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်အုပ်စုကိုလည်း သတိပေးလိုက်ခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု မှ စစ်ကောင်စီအပါအ၀င် ပတ်သက်ဆက်နွယ်မှုများကို အရေးယူမှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ကချင်တိုင်းရင်းသားတို့၏ ဖျော်ဖြေရေးအခမ်းအနား တစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လူပေါင်း တစ်ရာခန့် ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ် နောက်ပိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။

ထို့ကြောင့် မြန်မာပြည်သူများအရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ဦးစီး ဦးဆောင်ပြုကာ ဆောင်ရွက်နေမှုများကို အမျိုးသားညီညွတ်ရေးအစိုးရမှ ကျေးဇူးတင်ရှိသည်ဟု ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #အမေရိကန်ပြည်ထောင်စု #ဥရောပသမဂ္ဂ