မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို ILO မှ စုံစမ်းဖော်ထုတ်မှုအား လိမ်လည်တုံ့ပြန်ရန် စစ်ကောင်စီဦးဆောင်သည့် ကော်မရှင်အားဖွဲ့စည်း

Author အောင်နိူင်သူ
Categories
Published on Oct 23, 2022

အလုပ်သမားအရေးကိစွများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနိူင်ရန် စစ်ကောင်စီတပ်ပါသော အဖွဲ့အစည်းတစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖွဲ့သည်းထားသည်ဟု အလုပ်သမားဝန်ကြီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများအရေးကိစွနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့ ၊နိူင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ဖွဲ့စည်းခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦး အလုပ်သမားဝန်ကြီးဌာနရှိ အကြီးပိုင်း အရာရှိတစ်ဦးက CJ Platform ကိုပြောသည်။

“သူတို့ကော်မရှင်ဖွဲ့တာက အလုပ်သမားတွေအတွက် မဟုတ်ဘူး စစ်တပ်အတွက် သတင်းတွေကို အမှောင်ချဖို့ထုတ်တာ “ဟု ပြောသည်။

ရန်ကုန်မြို့ရှိ စက်ရုံ၊အလုပ်ရုံများတွင် အလုပ်ရှင်များက အလုပ်သမားများအပေါ် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ ချိုးဖောက်မှုများရှိသည်ဟု စက်ရုံအလုပ်သမားတစ်ဦးက CJ Platform ကိုပြောသည်။

“အခုက ဖြစ်လဲတိုင်စရာနေရာမရှိဘူး ကိုယ်ဖြစ်ကိုယ်ခံ အလုပ်ရှင် အလုပ်သမားဖြစ်လာရင် စစ်တပ်က ရောက်လာပြီ အဲ့ဒါကြောင့် အလုပ်ရှင်က လုပ်ချင်တိုင်းလုပ်နေတာ”ဟု ရှင်းပြသည်။

အလုပ်သမား အလုပ်ရှင်ပြသာနာများကို ဖြေရှင်းရာတွင် အလုပ်ရှင်၊အလုပ်သမား ၊အစိုးရ သုံးပွင့်ဆိုင် ဖြေရှင်းရမည်ဖြစ်ပြီး အလုပ်သမားကိစ္စနှင့်ပါတ်သတ်၍ အလုပ်သမားဝန်ကြီးဌာနနှင့်သာ သက်ဆိုင်သည်ဟု အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက CJ Platform ကို ပြောသည်။

“အခုက လုပ်ချင်တိုင်းကိုလုပ်နေတာ သုံးပွင့်ဆိုင်ယန္တရား ပျောက်သွားပြီ အခုစစ်တပ်ပါ ဌာနထဲပါနေတယ်ဆိုတော့ အလုပ်သမားတွေဘဝ ဒုက္ခရောက်ဖို့ပဲ ရှိတော့တယ်”ဟုရှင်းပြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ရည်ရွယ်ချက်မှာ မြန်မာနိူင်ငံအတွင်း အဓမ္မခိုင်းစေမှု၊ လွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းများနှင့် ပတ်သက်၍ ILO မှ ပြောဆိုထုတ်ပြန်မှုများကို သတင်းစုံစမ်း၍ ပြန်လည်ချေပတင်ပြနိူင်ရေးဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ILO ရဲ့ စုံစမ်းစစ်ဆေးရေးကို အဝင်ခံမှာမဟုတ်ဘူး အသိအမှတ်မပြုဘူး နိူင်ငံထဲဝင်ပြီးစစ်ဆေးတာလဲ လက်ခံမှာမဟုတ်ဘူးလို့ စစ်တပ်က အစည်းအဝေးမှာပြောတယ်”ဟု ရှင်းပြသည်။

ကော်မရှင်တွင်ပါဝင်သည့် စစ်ကောင်စီတပ်က ရဲတပ် ဖွဲ့နှင့် နိူင်ငံခြားရေးဝန်ကြီးဌာနကို အပြည်ပြည်ဆိုင် ရာအလုပ်သမားအဖွဲ့(ILO)က မြန်မာနိုင်ငံနှင့်ပတ်သက်၍ စွပ်စွဲထုတ်ပြန်မှုများကို သတင်းအချက်အလက် ရှာဖွေ၍ ပြန်လည်တုံ့ပြန်ရမည်တာဝန်ဖြစ်သည်။