မြန်မာနိုင်ငံရှိ CDMဝန်ထမ်းများ ငြိမ်းချမ်းရေးနိုဗယ်ဆု ရနိုင်သလား

Author CJ-001
Categories
Published on Oct 04, 2022

ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် စာရင်းတင်သွင်းခြင်း ခံထားရသည့် မြန်မာနိုင်ငံမှ စစ်တပ် အာဏာသိမ်းမှုကိုဆန်ကျင်သည့် လူထုအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement ) ဆုရရှိမည် မရရှိမည်ကို အောက်တိုဘာလ ၇ရက်နေ့တွင် သိရှိရတော့မည်ဖြစ်သည်။

၁၀၂ကြိမ်မြောက် နိုဗယ်ဆုပေးပွဲအခမ်းအနားကို စတင်ကျင်းပနေပြီဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၃ရက်နေ့တွင် ဆေးပညာဆိုင်ရာ နိုဗယ်ဆုကို စတင်ကြေညာခဲ့ကာ ဆွီဒင်မျိုးဗီဇပညာရှင် ဆဗန်တေးပါဘိုသည် လူသားမျိုးစိတ်များ ဆင့်ကဲပြောင်းလဲလာမှုကို ရှာဖွေဖော်ထုတ်ခြင်းအတွက် ရရှိခဲ့သည်။

ယနေ့တွင် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ရွေးချယ်မည်ဖြစ်ပြီး ဗာတုဗေဒဆိုင်ရာနိုဗယ်ဆု၊ စာပေဆိုင်ရာနိုဗယ်ဆု၊ ငြိမ်းချမ်းရေးဆိုင်ရာ နိုဗယ်ဆု၊ စီးပွားရေးဆိုင်ရာ နိုဗယ်ဆုများကို တစ်နေ့ချင်း ကြေညာသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ခုနှစ်တွင် နေအိမ်အကျယ်ချုပ်ကျနေစဉ်အတွင်း ငြိမ်းချမ်းရေးနိုဗယ်ဆုကို လက်ခံရရှိခဲ့သည်။